Friday, May 19, 2017

ဂီတသီအိုရီ မိတ်ဆက်

ဂစ်တာတလက်၏အစိတ်အပိုင်းများ


ဂီတသင်္ကေတ ရေးသားပုံမှာ နှစ်မျိုးရှိပါတယ်။ Phonetic နည်းနဲ့ Diastematic  နည်းတို့ဖြစ်ပါတယ်။ ယခုဖေါ်ပြထားတဲ့ ရေးသားနည်းက diastematic နည်းလမ်းထဲမှာပါဝင်ပါတယ်။ Pitch အနိမ့်အမြင့် အသွားအလာကို မြင်လွယ်စေပါတယ်။ Phonetic နည်းဖြစ်တဲ့ Tonic Sol-fa စနစ်ကိုတော့ အဆိုနဲ့ ပက်သက်တဲ့ နေရာတွေမှာ အသုံးပြုတာများပါတယ်။

Pitch
ဂီတသံတွေရဲ့ အနိမ့်အမြင့်တန်ဘိုး တည်ရှိမှုအနေအထားတရပ်ကို Pitch လို့ခေါ်ပါတယ်။ ဂီတသံတွေ ရဲ့အနိမ့်အမြင့်တန်ဘိုးကို အင်္ဂလိပ်အက္ခရာ ရှေ့ဆုံးခုနစ်လုံးသုံးပြီး သတ်မှတ်ပါတယ်။ (A,B,C,D,E, F,G,)  တို့ဖြစ်ပါတယ်။ အသံနိမ့်ရာကနေ မြင့်ရာကို အစဉ်လိုက်နာမည်ပေးပါတယ်။ A သံ၊ B သံ၊ C သံ၊ D  သံ၊ E သံ၊ F သံ၊ G သံ ဆိုပြီး နာမည်ပေးပါတယ်။ A သံကနေ G သံအထိ တဆင့်ပြီး တဆင့် မြင့်သွားပါတယ်။ G  ပြီးသွားရင် A သံ ပြန်လာပါတယ်။ A ကနေ G အထိ အစဉ်လိုက် ပြန်စပါတယ်။ ဒါပေမဲ့ ပထမ A သံ ထက် ဒုတိယ A သံ က တစ်ထပ် မြင့်ပါတယ်။ အသံ ၈ သံ ခြားတဲ့အတွက် octave လို့ခေါ်ပါတယ်။ အသံကြိမ်နှုန်း (frequency) အနေနဲ့ နှစ်ဆ ကွာပါတယ်။

Staff (Stave)
အသံတွေကို staff လို့ခေါ်တဲ့ အလျားလိုက် မျဉ်းကြောင်းငါးကြောင်းရဲ့ အပေါ်နဲ့ ကြားကွက်လပ် ၄ ခု ထဲမှာ ရေးပါတယ်။ staff ကို stave လို့လည်း ခေါ်ပါတယ်။ အောက်ကနမူနာပုံစံကိုကြည့်ပါ။

မျဉ်းကြောင်းပေါ်မှာရှိတဲ့ အသံနာမည်တွေကို အလွယ်တကူမှတ်မိအောင် Every Good Boy Does Fine ဆိုတဲ့ ၀ါကျစာကြောင်းနဲ့ မှတ်လို့ရပါတယ်။ ကွက်လပ်တွေထဲမှာရှိတဲ့ အသံနာမည်တွေကိုတော့ F-A-C-E လို့ပဲ ရိုးရိုးလေးမှတ်ပါတယ်။

Note
pitch တွေကို note symbol သုံးပြီးတော့ staff တွေပေါ်မှာရေးပါတယ်။ note symbol တစ်ခုမှာ ပါဝင်နိုင်တဲ့ အစိတ်အပိုင်းတွေကို အောက်မှာဖေါ်ပြထားပါတယ်။



Saturday, October 31, 2015

ရန်ကုန်သားလေးကျွန်တော်ပါ

လွှမ်းမိုး ကိုယ်ပိုင်သံစဉ် ခံစားချက်တေးအမှတ် (၁)
လွှမ်းမိုး၊ မွှေး (ရုပ်ရှင်)၊ တက္ကသိုလ်မေသော်
ရန်ကုန်သားလေးကျွန်တော်ပါ
တေးဂီတ- PROFESSIONAL
မူပိုင်- စိုးစံ တေးသံကူးဌာန၊ အမှတ် (၃၅၀)၊ ဘားလမ်း၊ ရန်ကုန်မြို့။

Side-A
01.ခံစားမှု့ရဲ့ရလာဒ်
02.အဖြည့်ခံ
03.မင်းဓါတ်ပုံလေးပေးခဲ့ပါ
04.အမှောင်ထဲကအမှောင်  -  မွှေး
05.ပျံလေဦးပေါ့ငှက်ငယ်
06.ရန်ကုန်သားလေးကျနော်ပါ
07.ပျော်ချင်ရင်လာခဲ့ပါ  +မွှေး
08.ဆန့်ကျင်ဘက်

Side- B
09.မဝေးတော့တဲ့အချိန်ကလေးမှာ
10.စနေနေ့လေးပြန်ပေးပါ
11.ကြောင်ခံတွင်းပျက်နဲ့ဇရက်တောင်ပံကျိုး  - တက္ကသိုလ်မေသော်
12.သတိရပါတယ်
13.မဆုံးသေးတဲ့ဝေဒနာ
14.ချစ်မိတဲ့နောင်တ
15.ကိုယ်ခြင်းစာတတ်ပါ - တက္ကသိုလ်မေသော်